

နေပြည်တော်၊ စက်တင်ဘာ ၂၂
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည်International Bridges to Justice (IBJ) မှCountry Director ဖြစ်သူ Mr. Jim Taylor နှင့်အဖွဲ့အား ယနေ့ နံနက် ၁၁:၀၀ နာရီအချိန်တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးရှိဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် တရားမျှတမှုကဏ္ဍတိုးတက်ကောင်းမွန်ရေး၊ ပြစ်မှုဆိုင်ရာမှုခင်း များတွင် ဆင်းရဲနွမ်းပါး သည့် စွပ်စွဲခံရသူများအတွက် ဥပဒေအထောက်အကူများ ပံ့ပိုးပေးနိုင်ရေး၊ ပြည်သူများအား ဥပဒေအသိပညာ ဖြန့်ဖြူးရေး၊ IBJ ၏ တရားမျှတမှုစင်တာများတွင် ဖွင့်လှစ်သောသင်တန်းများသို့ တရားစီရင်ရေးနှင့် စပ်လျဉ်း သည့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ အရာရှိများ ပါဝင်တက်ရောက်နိုင်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခွဲများနှင့် တရား မျှတမှုစင်တာများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ ပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ် နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာဦးတို့လည်း တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
