နေပြည်တော်၊ စက်တင်ဘာ ၃၀

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် သြစတြေးလျနိုင်ငံ သံအမတ်ကြီး Ms. Andrea Faulkner နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၁၄:၀၀ နာရီ အချိန်တွင် Vitural Meeting ဖြင့် လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများတွင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးနှင့်သက်ဆိုင်သည့်ဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဆောင်ရွက်မှုများ၊ COVID-19 ကူးစက်ရောဂါကာကွယ် ထိန်းချုပ်မှုကာလအတွင်း သြစတြေးလျနိုင်ငံ၏ ပံ့ပိုးကူညီဆောင်ရွက်မှုများနှင့် ဥပဒေရေးရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် အမြဲတမ်းအတွင်းဝန် ဒေါက်တာ သီတာဦးတို့ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
