နေပြည်တော်၊ အောက်တိုဘာ ၂၁


၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၁ဝ:ဝဝ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့်၊ USAID၊ PRLM တို့ ပူးပေါင်းဆောင်ရွက်သည့် ရှေ့ပြေးဥပဒေရုံး ၁ဝ ရုံးတိုးချဲ့ခြင်းအတွက် ဖွင့်လှစ်ခြင်းအခမ်းအနားကို ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန် ဒေါက်တာသီတာဦးက တရားဥပဒေစိုးမိုးရေးကဏ္ဍ၌ ရှေ့ပြေးဥပဒေရုံးများ ဖွင့်လှစ်နိုင်ခြင်း၏ အရေးပါမှု၊ တရားခွင်အကြို တွေ့ဆုံမေးမြန်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြောကြားပြီး USAID နှင့် PRLM မှ တာဝန်ရှိသူများက တိုးချဲ့ဖွင့်လှစ်မည့် ရှေ့ပြေးဥပဒေရုံးများတွင် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
တိုးချဲ့ဖွင့်လှစ်မည့် ရှေ့ပြေးဥပဒေရုံးများမှာ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်၊ ပြည်ခရိုင်၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဖျာပုံခရိုင်၊ မြစ်ကြီးနားခရိုင်၊ သထုံခရိုင်နှင့် လာရှိုး ခရိုင်တို့ဖြစ်ပါသည်။
အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ် ဥပဒေအရာရှိများ၊ တိုးချဲ့မည့် ခရိုင်ဥပဒေရုံးများမှ ဥပဒေအရာရှိများနှင့် USAID၊ PRLM တာဝန်ရှိသူများ ပါဝင်ဆွေးနွေးကြသည်။
(သတင်းစဉ်)
