ပြည်ထောင်စုရှေ့နေချုပ်ရုံး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊   ဇူလိုင်  ၁၆

 

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ၂၀၂၁ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ သတ်မှတ်မြေနေရာ၌ ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက သီဟိုဠ်ပင်ကို စိုက်ပျိုး ပေးပြီး ဒုတိယရှေ့နေချုပ် ဦးစန်းလွင်က စိန်ပန်းပင်အားလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများက ကျွန်း၊ ငု၊ ငုချယ်ရီ၊ ကံ့ကော်၊ ခရေ၊ သပြေနှင့် ပျဉ်းမပင် တို့အားလည်းကောင်း သတ်မှတ်မြေနေရာ အသီးသီး၌ စိုက်ပျိုးကြသည်။

ထို့နောက် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယရှေ့နေချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဝန်ထမ်းများ၏ သစ်ပင်စိုက်ပျိုးမှုကို လိုက်လံကြည့်ရှု အားပေးသည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏  မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ငု၊ ငုချယ်ရီ၊ ကံ့ကော်၊ ခရေ၊ သပြေနှင့် ပျဉ်းမ စုစုပေါင်း ၁၃၅ ပင် တို့ကို စုပေါင်း စိုက်ပျိုး ခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)