ပြည်ထောင်စုရှေ့နေချုပ်က ရုရှားနိုင်ငံ သံအမတ်ကြီး H.E Dr. Nikolay Listopadov အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဧပြီ ၁၁

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ရုရှားနိုင်ငံ သံအမတ်ကြီး H.E Dr. Nikolay Listopadov အား ယနေ့ နံနက် ၁၀:၃၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ သံတမန်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ဆိုင်ရာလုပ်ငန်းများအပြင် လုပ်ငန်းနယ်ပယ်အသီးသီး၌ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုပူးပေါင်း ဆောင်ရွက်မည့်ကိစ္စ၊ အကြမ်းဖက်မႈများကို ထိရောက်စွာ တားဆီးကာကွယ်နိုင်ရေးအတွက် အပြန်အလှန် ကူညီဆောင်ရွက်ရန်ကိစ္စ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးဆောင်သည့် တရား ဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရုရှားနိုင်ငံက ပံ့ပိုးကူညီ နိုင်မည့်ကိစ္စရပ်များ စသည်တို့ကို  ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဆွေနှင့် ညွှန်ကြားရေးမှူး ဒေါက်တာ ကြည်ကြည်သန်းအောင် တို့လည်း တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)