နေပြည်တော် ဇူလိုင် ၄

ယနေ့ နံနက် ၁၀:၃၀ နာရီ အချိန်က ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ဗြိတိန် နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးမှုဌာန(DFID)မှ ဆက်ဆံရေးအရာရှိ ဖြစ်သူ Mr. Joe Rolling ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမတွင် လက်ခံ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပါသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်းအရ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ DFID နှင့် UNDP တို့ ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ ဦးစားပေးလုပ်ငန်းများတွင် DFID ၏ ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များ၊ တရားဥပဒေစိုးမိုးရေးစင်တာများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ တရားမျှတမှုကဏ္ဍပြုပြင် ပြောင်းလဲမှုလုပ်ငန်း အခြေအနေများအပေါ်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်နှင့်အတူ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဆွေနှင့် ဒေါက်တာသီတာဦး တို့လည်း တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
