လွိုင်ကော်၊ မတ်လ ၁၄ ရက်



ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် International Commission of Jurist-ICJ တို့ ပူးပေါင်း ကျင်းပသည့် ဥပဒေအရာရှိကျင့်ဝတ်နှင့် CLDAW စာချုပ်နှင့်စပ်လျဉ်း၍ အလုပ်ရုံးဆွေးနွေးပွဲ ကို လွိုင်ကော်မြို့ Hotel Empire တွင့် ယနေ့နံနက် (၉:၀၀) နာရီတွင် ကျင်းပရာ ပြည်နယ် ဥပဒေချုပ် ဦးစိုင်းကျော်ဇံက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ပြည်နယ်ဥပဒေချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး သည် တရားစီရင်ရေးမဏ္ဍိုင်နှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍတွက် အဓိကပါဝင်ဆောင်ရွက် လျက်ရှိရာ ယင်းတာဝန်များကို အထောက်အကူပြု ပံ့ပိုးနိုင်ရန် ဥပဒေအရာရှိများအနေဖြင့် ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံရန်လိုသလို ကျင့်ဝတ်ကို ကောင်းစွာသဘောပေါက်နားလည်ရန် လို ကြောင်း၊ ဥပဒေပညာကို ကောင်းစွာတတ်ကျွမ်းပြီး ပြည်သူကို အကျိုးပြုရန် ဥပဒေနှင့်အညီ ပြည်သူ့ဘက်က ရပ်တည်ပြီး ပြည်သူ့ဘက်တော်သားဖြစ်ရန် တရားဥပဒေစိုးမိုးရေးနှင့် တရား မျှတမှုအတွက် ဆောင်ရွက်ရာတွင် ဥပဒေအရာရှိကျင့်ဝတ်ကို မြဲစွာလိုက်နာအကောင်အထည် ဖော် ဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲရလာဒ်ကောင်းများပေါ်ထွက်လိမ့်မည်ဟု ယုံကြည်ကြောင်းဖြင့် ပြောကြားခဲ့ ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်နယ်အတွင်းရှိ ဥပဒေ အရာရှိများ (၁၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
