ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင် စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိ များ၏ (ပဉ္စမ)အကြိမ်မြောက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားအား ကျင်းပ

မြစ်ကြီးနား၊ အောက်တိုဘာလ ၁၀ ရက်

(၁၀.၁၀.၂၀၂၄)ရက်နေ့ နေ့လည်(၀၉၀၀)အချိန်တွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင် စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိ များ၏ (ပဉ္စမ)အကြိမ်မြောက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားအား ကချင်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်း၊ ရုံးအဖွဲ့မှူး၊ ဒုတိယပြည်နယ်ဥပဒေ အရာရှိများ၊ လက်ထောက်ပြည်နယ်ဥပ‌ဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၊ မြို့နယ်ဥပဒေ အရာရှိများ၊ ဦးစီးအရာရှိများ နှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိ ခဲ့ပါသည်။

(သတင်းစဉ်)