မော်လမြိုင်၊ စက်တင်ဘာ ၂၅ ရက်


ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေ အရာရှိများ၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ထပ်ဆင့်ရှင်းလင်းခြင်း နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ရေး ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကို မွန်ပြည်နယ်ဥပဒေချုပ်ရုံး၌ ယနေ့နံနက် ၉ နာရီ တွင် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်း ချက်များ နှင့်အညီ ကျင်းပသည်။
အခမ်းအနားတွင် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေ အရာရှိများ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးမှ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၏ လမ်းညွှန် မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းခြင်း၊ မွန်ပြည်နယ်အတွင်းရှိ ဥပဒေရုံးအဆင့်ဆင့်တွင် တာဝန် ထမ်းဆောင် လျက်ရှိကြသော ဥပဒေအရာရှိများ၊ အရာထမ်းများ၊ အမှုထမ်းများ အနေဖြင့် လုပ်ငန်း တာဝန်များကို ဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို ဦးထိပ်ပန်ဆင်၍ နိုင်ငံတော် နှင့် ပြည်သူအပေါ် စေတနာထား ဆောင်ရွက် ကြရန်၊ မိမိတို့ဝန်ထမ်းများသည် ဥပဒေရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများဖြစ်ကြသည့် အားလျော်စွာ “ ဥပဒေပညာသည် အကျင့်သိက္ခာနှင့် ပြည့်စုံသောပညာဖြစ်သည်” ဆိုသည့် ဥပဒေရေးရာဝန်ကြီးဌာန ၏ ဆောင်ပုဒ်နှင့်အညီ မိမိတို့နေထိုင်ရာ ရပ်ကွက်၊ မြို့နယ်များတွင် ရပ်ရွာစည်းကမ်း၊ မြို့နယ် စည်းကမ်း သတ်မှတ်ချက်များကို အလေးထားလိုက်နာ၍ ဥပဒေအရာရှိ ကျင့်ဝတ်များနှင့်အညီ နေထိုင်သွားကြရန် လိုအပ်ပါကြောင်း၊ ထို့အပြင် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့် အားလျော်စွာ နိုင်ငံ့ တာဝန်များကို ထမ်းဆောင်ရာတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ နှင့်အညီ လိုက်နာ ဆောင်ရွက်ရသည်ဖြစ်၍ မည်သည့်အချိန်အခါတွင်မဆို နိုင်ငံတော်အကျိုးအတွက် နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် ပါတီ နိုင်ငံရေး ကင်းရှင်းစွာဖြင့် အမျိုးသား နိုင်ငံ့အရေးအတွက် နိုင်ငံတော်၏ မူဝါဒများကို လိုက်နာ မှတ်သားနာခံကာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်း ပြောကြားခဲ့ပါသည်။
ထို့နောက် မွန်ပြည်နယ်ဥပဒေအရာရှိ ဒေါ်သစ်သစ်ဝင်းက ဥပဒေရေးရာဝန်ကြီးဌာနရှိ ဦးစီး ဌာန(၄)ခုမှ ညွှန်ကြားရေးမှူးချုပ်များ၏ ရှင်းလင်းဆွေးနွေးချက်များအား ထပ်ဆင့်ရှင်းလင်းခဲ့ပြီး မွန်ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်ဥပဒေအရာရှိများက လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ နှင့် လုပ်ငန်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများကို ရှင်းလင်းတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင် နှင့် ပြည်နယ်ဥပဒေအရာရှိ ဒေါ်သစ်သစ်ဝင်းတို့က မွန် ပြည်နယ်အတွင်းရှိ ဥပဒေရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဥပဒေရုံး မိသားစုများ အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့ပြီးနောက် နိဂုံးချုပ် စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အခမ်းအနားသို့ မွန်ပြည်နယ်ဥပဒေအရာရှိ ဒေါ်သစ်သစ်ဝင်း၊ ပြည်နယ်ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ နှင့် ဒုတိယခရိုင်ဥပဒေအရာရှိများ၊ မြို့နယ်ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
