ပြည်နယ်ဝန်ကြီးချုပ်ဖလားဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲသို့တက်ရောက်ချီးမြှင့်

ဘားအံ၊ ဇူလိုင် ၃၁ ရက်

       (၃၁.၇.၂၀၁၉)ရက်နေ့ ညနေ(၃:၀၀)အချိန် အောင်သံလွင်အားကစားကွင်း၌ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၇)နှစ်အောက် မြို့နယ်ပေါင်းစုံ(လူငယ်)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲသို့ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေးတက်ရောက်ပြီး အမျိုးသား ဘောလုံးပြိုင်ပွဲ အလယ်တန်းအကောင်းဆုံးဆုရ အားကစားသမားအား ဆုချီးမြှင့်ခဲ့ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားသမားများ တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)