ပြည်နယ်ဥပဒေချုပ်ရုံးနှင့် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအတွင်းရှိ အရာထမ်း/ အမှုထမ်းများအား ဥပဒေ အသိပညာဟောပြောပွဲတွင် အသိပညာပေးဟောပြော

မွန်၊ အောက်တိုဘာလ ၁၀ ရက်

၁၀.၁၀.၂၀၂၄ ရက်နေ့တွင် ပြည်နယ်ဥပဒေချုပ်ရုံးနှင့် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအတွင်းရှိ အရာထမ်း/ အမှုထမ်းများအား ဥပဒေ အသိပညာဟောပြောပွဲကို မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်မှ ဥပဒေအကြောင်းသိကောင်းစရာ များ နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)စာအုပ်များ လက်ဆောင်ပေးခဲ့သည်။

(သတင်းစဉ်)