ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍အသိပညာပေးဟောပြော

ကချင်၊ မတ် ၁၆ ရက်

၁၆-၃-၂၀၂၄ ရက်နေ့ နံနက်၉:၀၀ အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မိုးလုံလေလုံအားကစားခန်းမ၌ ဌာနဆိုင်ရာများနှင့် ပြည်သူများအား ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်းနှင့် ဦးစံဖေ(ရုံးအဖွဲ့မှူး)တို့မှ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)