ဖရူဆို၊ ဇွန် ၇

ထီးပေါ်ဆိုကျေးရွာတွင် ဖရူဆိုမြို့နယ်ဥပဒေအရာရှိ ဦးဆန်းလင်းဦးမှ ကလေးသူငယ်အခွင့်အရေး ၊ မူးယစ်ဆေးဝါး ၊ လူကုန်ကူး ၊ ယာဉ်/လမ်းစည်းကမ်းဆိုင်ရာကိစ္စရပ်များ အသိပညာပေး ဟောပြောနေစဉ်

မာခရော်ရှေ့ကျေးရွာတွင် ဖရူဆိုမြို့နယ်ဥပဒေအရာရှိ ဦးဆန်းလင်းဦးမှ ကလေးသူငယ်အခွင့်အရေး၊ မူးယစ်ဆေးဝါး ၊ လူကုန်ကူး ၊ ယာဉ်/လမ်းစည်းကမ်းဆိုင်ရာကိစ္စရပ်များ အသိပညာပေး ဟောပြောနေစဉ်
ဖရူဆိုမြို့နယ်ဥပဒေအရာရှိသည် မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၇-၆-၂၀၁၈) ရက်နေ့တွင် ကယားပြည်နယ် ၊ ဖရူဆိုမြို့နယ် အတွင်းရှိ ထီးပေါ်ဆိုကျေးရွာနှင့် မာခရော်ရှေ့ကျေးရွာများသို့ Save The Children ၊ ကယားဖူး လူမှု၀န်ထမ်းခြင်းနှင့် ဖွံ့ဖြိုးရေးအသင်းတို့နှင့်အတူ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကိစ္စ ၊ မူးယစ် ဆေးဝါး ၊ လူကုန်ကူး ၊ ယာဉ် / လမ်း စည်းကမ်းဆိုင်ရာကိစ္စရပ်များ အသိပညာပေးဟောပြောပွဲ တွင် ပါ၀င်ဟောပြောခဲ့ကြောင်း သိရှိရပါသည်။
(သတင်းစဉ်)
