ဗန္ဓုလဈေး ဈေးရုံသစ်များ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မုံရွာ၊ ဧပြီ ၂၄ ရက်

၂၄-၄-၂၀၂၄ ရက်နေ့ နံနက် (၈)နာရီအချိန်  ၊ မုံရွာမြို့ ၊ ဗန္ဓုလဈေးရှေ့ ၊ မြို့သစ်ရပ်ကွက် ၌ ကျင်းပပြုလုပ်သည့် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ဗန္ဓုလဈေး ဈေးရုံသစ်များ ဖွင့်ပွဲအခမ်းအနား သို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် ၊ တိုင်းဒေသကြီးဥပဒေအရာရှိနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)