ဘားအံ – ကြာအင်းလမ်း၊ ကတ္တရာကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားတက်ရောက်

ဘားအံ၊ ဖေဖော်ဝါရီလ ၇ ရက်

၇.၂.၂၀၂၃ ရက်နေ့ ၀၈:၀၀ အချိန် ဘားအံမြို့၊ ဘားအံ-ကြာအင်းလမ်းတွင် ကျင်းပပြုလုပ်သည့် “ ဘားအံ – ကြာအင်းလမ်း၊ ကတ္တရာကွန်ကရစ်လမ်းသစ်” ဖွင့်ပွဲအခမ်းအနား သို့ လည်းကောင်း၊ မွန်းလွဲ ၀၃:၀၀ အချိန် ဘားအံမြို့၊ ကရင်ပြည်နယ်ဖူဆယ်အားကစားခန်းမ တွင် ကျင်းပပြုလုပ် သည့် “ မြို့နယ်ပေါင်းစုံ အမျိူးသားအသက်(၂၅)နှစ်အောက် ဖူဆယ်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား” သို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ပြည်နယ်အဆင့်၀န်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)