ဘားအံ၊ အောက်တိုဘာ ၂၃ ရက်

၂၃.၁၀.၂၀၂၁ ရက်နေ့ နံနက် ၀၈:၀၀ နာရီ အချိန်တွင် ဘားအံမြို့နယ်၊ မိုးလုံလေလုံ အားကစားရုံ၊ ဇွဲကပင် အဆင့်မြင့် အားကစားကွင်း၊ လှာကမြင်ကွက်သစ်အတွင်း ကျင်းပသည့် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကရင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီး ဌာနနှင့် ပြည်နယ်ဘော်လီဘော ဆပ်ကော်မတီတို့မှ ပူးပေါင်းဖွင့်လှစ်သော ” ဘော်လီဘော နည်းပြနှင့် ဒိုင်သင်တန်းဆင်းပွဲ အခမ်းအနား ” သို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
