မကွေး၊ မေလ ၂၄ ရက်

၂၄-၅-၂၀၂၆ ရက်နေ့က နံနက် ၉ နာရီအချိန်က မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ သစ်ရာ ကိုင်းကျေးရွာ၏ ၁၁/၀ ဒသမ ၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာရှေ့နှင့် ပြည်သူ့ခန်းမတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ Quick Win စီမံချက်ဖြင့်ဆောင်ရွက်သော မီးလင်းရေးဖွင့်ပွဲနှင့် တွေ့ဆုံပွဲ အခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အဆိုပါ ကျေးရွာများမှ ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
