မကွေး၊ နိုဝင်ဘာ ၂၉ ရက်

၂၉-၁၁-၂၀၂၅ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်က မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ (၂၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အစမ်းလေ့ကျင့်ခြင်း အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ဦးတင့်ဝေ၊ တက္ကသိုလ်၊ ကောလိပ်များမှပါမောက္ခချုပ်များ၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ်များနှင့် စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
