မကွေး၊ မေ ၅ ရက်

၅-၅-၂၀၂၆ ရက်နေ့ နံနက်(၉:၀၀)အချိန်က မကွေးတိုင်းဒေသကြီးပါမောက္ခဦးလှအောင် ခန်းမ၌ မကွေးတိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်း ဆပ်ကော်မတီ၏ဥပဒေအသိပညာပေးဟောပြောပွဲတွင် လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်လှလှဆွေနှင့် လုပ်ငန်းဆပ်ကော်မတီဝင်များ၊ ဥပဒေအရာရှိများ၊ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းလိုင်စင်ရယူထားသော စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
