မကွေး၊ နိုဝင်ဘာ ၂၈ ရက်

၂၈-၁၁-၂၀၂၄ ရက်နေ့ နေ့လယ်(၂:၀၀)အချိန်က မကွေးတိုင်းဒေသကြီးပါမောက္ခဦးလှအောင် ခန်းမ၌ မကွေးတိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်း ဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပြီး အစည်းအဝေးသို့ လုပ်ငန်းဆပ် ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်လှလှဆွေနှင့် လုပ်ငန်းဆပ်ကော်မတီဝင်များ စုစုပေါင်း (၁၂)ဦး တက်ရောက်ခဲ့ကြပြီး လုပ်ငန်းဆိုင်ရာများ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
