မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးက ဖွင့်လှစ်သည့် တိုင်းအဆင့် ဌာနဆိုင်ရာများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်း သင်တန်းဆင်း ပွဲအခမ်းအနားကျင်းပ

မကွေး၊ ဇန်နဝါရီ ၂၄ ရက်

၂၄-၁-၂၀၂၅ ရက်နေ့ ညနေ(၄:၀၀)နာရီအချိန်တွင် မကွေးမြို့၊ မြို့တော်ခန်းမတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးက ဖွင့်လှစ်သည့် တိုင်းအဆင့် ဌာနဆိုင်ရာများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်း သင်တန်းဆင်း ပွဲအခမ်းအနားကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်း လေတပ် ကွပ်ကဲရေးဌာနချုပ်မှူး၊ မကွေးလေတပ် စခန်းဌာနချုပ်မှူး၊ တရားသူကြီးချုပ်၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်ဦးတင့်ဝေ၊ တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်၊     တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊  သင်တန်းပို့  ချမည့် ဥပဒေအရာရှိများ၊ တိုင်းဒေသကြီး အတွင်းရှိဥပဒေအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူ (၁၀၇)ဦးနှင့် အင်အားစုစုပေါင်း (၂၆၃)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)