မကွေး၊ ဇွန်လ ၂၂ ရက်

၂၂-၆-၂၀၂၅ ရက်နေ့ ညနေပိုင်းက မကွေးတိုင်းဒေသကြီး မိုးလုံလေလုံ အားကစားခန်းမ၌ ၂၀၂၅ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် (၂၃)နှစ်နှင့်အောက် ခရိုင် ပေါင်းစုံ ပိုကျော်ခြင်းပြိုင်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော အားကစားဝါသနာရှင်များနှင့် မျိုးဆက်သစ်လူငယ် အားကစား သမားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
