မကွေး၊ ဇွန် ၁၄ ရက်

၁၄-၆-၂၀၂၆ ရက်နေ့က နံနက်ပိုင်းက အောင်မြေရတနာပရိယတ္တိစာသင်တိုက် မဟာအတုလ ရံသီ ဗိမာန်တော်ကြီး၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ကျင်းပပြုလုပ်အပ်သော နိုင်ငံတော်သြဝါဒါ စရိယဆရာတော်ကြီးအမှူးပြုသော မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်း (၉၉)ကျောင်းမှ ဆရာတော်ကြီးများအား ဖူးမြော်၍ ဩဝါဒခံယူခြင်းနှင့် သုတစုံလင်ဗုဒ္ဓဝင် စာမေးပွဲ (ဗဟို)အဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးအေးလွင်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူ များနှင့် သုတစုံလင်ဗုဒ္ဓဝင်စာမေးပွဲဗဟိုနှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
