မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး ဘုရားခန်း၌ တိုင်းဒေသကြီးဥပဒေအရာရှိနှင့် အရာထမ်း၊ အမှုထမ်းများ စု‌ပေါင်းကာ ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် တရားပွဲကျင်းပ

၁၁-၅-၂၀၂၅ ရက်နေ့ ညနေပိုင်းက မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး ဘုရားခန်း၌ တိုင်းဒေသကြီးဥပဒေအရာရှိနှင့် အရာထမ်း၊ အမှုထမ်းများ စု‌ပေါင်းကာ ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် တရားပွဲကျင်းပခဲ့ပြီး ဆရာတကာကျောင်းဖြစ်သော ပညာစက္ကရာမ ကျောင်းတိုက်မှ သံဃာတော်များအား ပင့်ဖိတ်၍ လှူဖွယ်ဝတ္ထုများလှူဒါန်းခြင်း၊ အန္တရာယ်ကင်း ကမ္မဝါနာကြားခြင်းနှင့် တရားနာခြင်းများ ဆောင်ရွက်ခဲ့ကြပြီ ရုံးဝန်းအတွင်းရှိ ဗောဓိညောင်ပင်တွင် ‌ညောင်ရေသွန်းလောင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)