မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ပါမောက္ခ ဦးလှအောင်ခန်းမ၌ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးဆောင်၍ မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ မကွေးခရိုင်ဥပဒေရုံး၊ မကွေးမြို့နယ်ဥပဒေရုံးတို့မှ အရာထမ်း၊ အမှုထမ်းများအား ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဗီဒီယို ၂ ခု အကြောင်းကို ရှင်းလင်း ပြသ

မကွေး၊ ဇူလိုင် ၂၉ ရက်

၂၉-၇-၂၀၂၅ ရက်နေ့ နေ့လယ်(၁:၀၀)အချိန်က မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ပါမောက္ခ ဦးလှအောင်ခန်းမ၌ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးဆောင်၍ မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ မကွေးခရိုင်ဥပဒေရုံး၊ မကွေးမြို့နယ်ဥပဒေရုံးတို့မှ အရာထမ်း၊ အမှုထမ်းများအား ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဗီဒီယို ၂ ခု အကြောင်းကို ရှင်းလင်း ပြသခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)