မကွေး၊ ဩဂုတ် ၁ ရက်

၁-၈-၂၀၂၅ ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်က မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ပါမောက္ခ ဦးလှအောင် ခန်းမ၌ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးအေးလွင်ဦးဆောင်၍ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်ဥပဒေရုံးများမှ အရာထမ်းများ စုပေါင်းကာ ဆရာဒကာကျောင်းဖြစ်သော ပညာစက္ကရာမ ကျောင်းတိုက်မှ သံဃာတော်(၅)ပါးအား ပင့်ဖိတ်၍ ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ ပရိတ်တရားနာယူခြင်း၊ ဆွမ်းများကပ်လှူခြင်း၊ လှူဒါန်းဖွယ်ရာ အစုစုတို့ ရေစက်ချ လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
