မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အပူပိုင်းဒေသ (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး လူထုလှုပ်ရှား မှု အသွင်ဖြင့် မိုးရာသီက စုပေါင်းစိုက်ပျိုးခဲ့သော အပင်များအား ၂၀၂၆ ခုနှစ်၊ မိုးလွန်ကာလ စုပေါင်းသစ်ပင်ရေလောင်းပြုစုခြင်း အခမ်းအနားသို့ တက်ရောက်

မကွေး၊ ဖေဖော်ဝါရီ ၂၁ ရက်

၂၁-၂-၂၀၂၈ ရက်နေ့ နံနက် (၈:၀၀)နာရီအချိန်က မင်းဘူး-ပဒါန်း-အမ်းကားလမ်းဘေး ကုန်းသာကျေးရွာအနီးရှိ မိုင်တိုင်အမှတ် ၄ မိုင် ၇ ဖာလုံ၌ သစ်ပင်သစ်တောများသည် လူသားများ အပါအဝင် သက်ရှိအားလုံး ရှင်သန်ရပ်တည် နေထိုင်နိုင်ရန် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် သစ်ပင်သစ်တောများ မပြုန်းတီးစေရေးနှင့် သစ်တော၊ သစ်ပင်များ တိုးပွား ရှင်သန်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အပူပိုင်းဒေသ (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီက စုပေါင်းစိုက်ပျိုးခဲ့သော အပင်များအား ၂၀၂၆ ခုနှစ်၊ မိုးလွန်ကာလ စုပေါင်းသစ်ပင်ရေလောင်းပြုစုခြင်း  အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိများ၊ တိုင်းဒေသကြီး အစိုးရအဖွဲဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)