မကွေးတိုင်းဒေသကြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၏ ကွန်ပျူ တာကျွမ်းကျင်မှု Advanced Course ၁/၂၀၂၅ သင်တန်း ဆင်းပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး၊ ဩဂုတ် ၁ ရက်

၁-၈-၂၀၂၅ ရက်နေ့ ညနေပိုင်းက မကွေးမြို့နယ် စုပေါင်းရုံးအခန်းမ၌ မကွေးတိုင်းဒေသကြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၏ ကွန်ပျူတာကျွမ်းကျင်မှု Advanced Course ၁/၂၀၂၅ သင်တန်းဆင်းပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊  သင်တန်းပို့ချမည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)