မကွေး၊ ဖေဖော်ဝါရီ ၁၄ ရက်

၁၄-၂-၂၀၂၅ ရက်နေ့ မွန်းလွဲပိုင်းက မကွေးမြို့နယ်၊ စုပေါးရုံးခန်းမ၌ မကွေးတိုင်းဒေသကြီး အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေး (OCV) တိုက်ကျွေးခြင်း လုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးအဆင့် အသိပေးရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် နှင့် ဇနီး၊ မကွေးတပ်နယ်မှ အကြီး အကဲများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေအရာရှိ ဦးတင့်ဝေ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ တိုင်းဒေသကြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
