မကွေး၊ မေလ ၁၉ ရက်

၁၉-၅-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ မကွေးတိုင်းဒေသကြီး အတွင်းရှိ တောင်သူများ ဘေး အန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမှီ သီးနှံများစနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများ (Good Agricultural Practices – GAP) ဆွေးနွေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်လွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများတက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
