မကွေးတိုင်းဒေသကြီး အားကစားကွင်း၌ ၂၀၂၅ ခုနှစ်၊ ရေနံမြေ သခင်ဖိုးလှကြီး ဒိုင်းအလွတ်တန်း ဖိတ်ခေါ် ရှုံး/ ထွက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေး၊ ဇူလိုင် ၂၂ ရက်

၂၂-၇-၂၀၂၅ ရက်နေ့ ညနေပိုင်းက မကွေးတိုင်းဒေသကြီး အားကစားကွင်း၌ ၂၀၂၅ ခုနှစ်၊ ရေနံမြေ သခင်ဖိုးလှကြီး ဒိုင်းအလွတ်တန်း ဖိတ်ခေါ် ရှုံး/ ထွက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊  တိုင်းဒေသကြီးဥပဒေချုပ်ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်လှလှဆွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)