မကွေး၊ နိုဝင်ဘာ ၁၂ ရက်

၁၂-၁၁-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့နယ်စုပေါင်းရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၂၄ ခုနှစ်၊ လူမှုရေးကဏ္ဍလှုပ်ရှားမှု ထူးချွန်ပထမဆုရရှိခဲ့သော မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်ဆင့်ဂုဏ်ပြုချီးမြှင့် ခြင်းနှင့် ကလေးစောင့်ရှောက်ရေးအသင်း၏ (၃၄)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးထပ်ဆင့် ရှင်းလင်းခြင်း အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ မကွေးတိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ မကွေးတိုင်းဒေသကြီး ဥပဒေ အရာရှိ ဒေါ်လှလှဆွေ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ခရိုင်အမျိုးသမီး ရေးရာ အဖွဲ့ဥက္ကဋ္ဌများ၊ မြို့နယ်မိခင်နှင့်ကေလးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
