မကွေးမြို့နယ်၊ မကြီးစမ်းကျေးရွာ၏ ၁၁/၀ ဒသမ ၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာရှေ့၌  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ Quick Win စီမံချက်ဖြင့် ဆောင်ရွက်သော မီးလင်းရေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေး၊ မေ ၂၉ ရက်

၂၉-၅-၂၀၂၆ ရက်နေ့ နံနက် (၈:၀၀)နာရီအချိန်က မကွေးမြို့နယ်၊ မကြီးစမ်းကျေးရွာ၏ ၁၁/၀ ဒသမ ၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာရှေ့၌  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ Quick Win စီမံချက်ဖြင့် ဆောင်ရွက်သော မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးအေးလွင်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အဆိုပါ ကျေးရွာများမှ ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)