မကွေးမြို့၊ နန်းထိုက်သူဟိုတယ်အနီး ဧရာဝတီမြစ်ကမ်းစပ်၌ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားသို့   တက်ရောက်

မကွေး၊ စက်တင်ဘာ ၁၈ ရက်

၁၈-၉-၂၀၂၅ ရက်နေ့ နံနက် (၈:၀၀)နာရီအချိန်က မကွေးမြို့၊ နန်းထိုက်သူဟိုတယ်အနီး ဧရာဝတီမြစ်ကမ်းစပ်၌ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်လှလှဆွေ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ   တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)