မကွေးမြို့၊ ဗိုလ်ချုပ်လမ်း၊ ဗိုလ်ချုပ် ပန်းခြံရှေ့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပတော့မည့် လွတ်လပ်၍ တရားမျှတသော ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး အထောက်အကူဖြစ်သည့် ပြည်သူလူထုအတွက် ရွေးကောက် ပွဲ နှိုးဆော်အသိပညာ ပေးဆိုင်ရာ မြေစိုက်ပိုစတာ (Billboard)စိုက်ထူးခြင်း အခမ်းအနားသို့ တက်ရောက်

မကွေး၊ အောက်တိုဘာ ၇ ရက်

၇-၁၀-၂၀၂၅ ရက်နေ့ နံနက် (၉:၀၀)နာရီအချိန်က မကွေးမြို့၊ ဗိုလ်ချုပ်လမ်း၊ ဗိုလ်ချုပ် ပန်းခြံရှေ့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပတော့မည့် လွတ်လပ်၍ တရားမျှတသော ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး အထောက်အကူဖြစ်သည့် ပြည်သူလူထုအတွက် ရွေးကောက်ပွဲ နှိုးဆော်အသိ ပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ (Billboard) စိုက်ထူးခြင်း အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ မကွေးတပ်နယ်မှ တပ်မတော်အကြီးအကဲများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ မကွေးတိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်လှလှဆွေ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)