မကွေး၊ ဖေဖော်ဝါရီလ ၁ ရက်

၁-၂-၂၀၂၆ ရက်နေ့ မွန်းလွဲ (၃:၀၀)နာရီအချိန်က မကွေးမြို့၊ မြသလွန်ဘုရားပွဲတော် ကွင်းပြင် ၌ အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်လှလှဆွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး ထမနဲထိုးပြိုင်ပွဲတွင် တရား၊ ဥပဒေ၊ တိုင်းရင်းသား အသင်းက ဒုတိယဆုရရှိခဲ့ ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
