မကွေးမြို့၊ သူနာပြုနှင့်သားဖွားသင်တန်း ကျောင်း၊ မြတ်ပညာခန်းမ၌ အပတ်စဉ်(၃၀)ပထမနှစ်၊ သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ် သင်တန်း သား၊ သင်တန်းသူ (၁၁၁)ဦးကို ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်

မကွေး၊ ဇွန်လ ၆ ရက်

၆-၆-၂၀၂၅ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် မကွေးမြို့၊ သူနာပြုနှင့်သားဖွားသင်တန်း ကျောင်း၊ မြတ်ပညာခန်းမ၌ အပတ်စဉ်(၃၀)ပထမနှစ်၊ သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ် သင်တန်း သား၊ သင်တန်းသူ (၁၁၁)ဦးကို ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အနောက်ပိုင်းလေတပ် ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီးလွှတ်တော် တရားသူကြီးချုပ်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူးဗိုလ်မှူးချုပ် သန်းနိုင်ညွန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သူနာပြုနှင့်သားဖွား သင်တန်းကျောင်း(မကွေး)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)