မကွေးမြို့ ဆေးတက္ကသိုလ်(မကွေး) တက္ကသိုလ်ဘွဲ့နှင်းခန်းမ၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်

မကွေး၊ ဖေဖော်ဝါရီ ၇ ရက်

၇-၂-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ဆေးတက္ကသိုလ်(မကွေး) တက္ကသိုလ်ဘွဲ့နှင်းခန်းမ၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ အတွင်းရေးမှူး၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆေးတက္ကသိုလ်(မကွေး) ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သစ်လွင်မောင်မယ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)