မကွေးမြို့ မြသလွန်စေတီတော်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဩဝါဒဆရာတော်ကြီးများ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြသလွန်စေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်း အသစ်ဆောက်လုပ်ပြီးစီးသော ဗုဒ္ဓဇယန္တီဗိမာန်တော်ဖွင့်ပွဲနှင့် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်

မကွေး၊ မတ်လ ၅ ရက်

၅-၃-၂၀၂၆ ရက်နေ့ နံနက်(၈:၀၀)နာရီအချိန်က မကွေးမြို့ မြသလွန်စေတီတော်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဩဝါဒဆရာတော်ကြီးများ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြသလွန်စေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်း အသစ်ဆောက် လုပ်ပြီးစီးသော ဗုဒ္ဓဇယန္တီဗိမာန် တော်ဖွင့်ပွဲနှင့် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်‌တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြသလွန် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် ဘုရားဖူးလာပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)