မကွေး၊ ဧပြီ ၂၇ ရက်

၂၇-၄-၂၀၂၆ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်က မကွေးမြို့ မြို့တော်ခန်းမ၌ ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ)နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံလေ ကြောင်း လူငယ်သင်တန်း အမှတ်စဉ်(၁၀)ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ နယ်မြေခံ တပ်နယ်မှအရာရှိကြီးများ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးအေးလွင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မကွေးတပ်နယ်အသီးသီးမှ အရာရှိစစ်သည် များ၊ မကွေးလေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူများ၊ အခြေခံလေကြောင်း လူငယ်သင်တန်း တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းသား မိဘများတက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
