မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာ မီးဘေးသင့်ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းနှင့် အိမ်ဆောက် ပစ္စည်းဘိုးငွေ၊ နွေနှမ်းမျိုးစေ့ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်

ပွင့်ဖြူ၊ ဧပြီလ ၃ ရက်

၃-၄-၂၀၂၅ ရက်နေ့က မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာ မီးဘေးသင့်ပြည်သူများ အား အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းနှင့် အိမ်ဆောက် ပစ္စည်းဘိုးငွေ၊ နွေနှမ်းမျိုးစေ့ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ ရပ်မိ၊ ရပ်ဖများနှင့် မုန်းဇလဲကျေးရွာမှ မီး‌ဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)