မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်ရှိ စကုမြို့တွင်း ကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေး၊ နိုဝင်ဘာ ၃၀ ရက်

 ၃၀-၁၁-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်ရှိ စကုမြို့တွင်း ကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ဦးတင့်ဝေ၊  တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ  တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)