မြစ်ကြီးနား၊ ဇွန် ၂၂ ရက်

(၂၂.၆.၂၀၂၆) ရက်နေ့ နံနက် (၀၈၃၀)အချိန်တွင် မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်၊ စုပေါင်းရုံးရှိ မနောရွှေပြည်ခန်းမတွင် ကျင်းပသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ဖွင့်ပွဲ အခမ်းအနားသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး နှင့် ပြည်နယ် ဥပဒေအရာရှိ ဦးစန်းလွင်ဦး၊ ပြည်နယ်/ခရိုင်/မြို့နယ်ဥပဒေရုံးများမှ ဥပဒေအရာရှိများ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
