မုံရွာ၊ ဇွန်လ ၄ ရက်

၄-၆-၂၀၂၄ ရက်နေ့ ၊ နံနက် (၈)နာရီအချိန် မုံရွာမြို့ ၊ စီးပွားရေးတက္ကသိုလ်တွင် သစ်တော ဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် ၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား သို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် ၊ တိုင်းဒေသကြီးဥပဒေအရာရှိနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
