မုံရွာ၊ အောက်တိုဘာလ ၁၇ ရက်

၁၇-၁၀-၂၀၂၄ ရက်နေ့၊ နံနက် (၉:၀၀) အချိန်၊ မုံရွာမြို့၊ မုံရွာတက္ကသိုလ်ဓမ္မာရုံ၌ ကျင်းပ ပြုလုပ်သည့် ဆုတောင်းပြည့်စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းမင်္ဂလာအခမ်းအနား သို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်လှူဒါန်းခဲ့ပါသည်။
(သတင်းစဉ်)
