စစ်ကိုင်း၊ အောက်တိုဘာ ၆ ရက်

၆-၁၀-၂၀၂၅ ရက်နေ့၊ ညနေ (၅:၀၀)နာရီအချိန် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ပြည်သူ့ဥယျာဉ်၌ ကျင်းပပြုလုပ်သည့် ပြည်သူ့ဥယျာဉ်ဖွင့်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးဥပဒေအရာရှိနှင့် တိုင်း/ခရိုင်/မြို့နယ်မှ အရာထမ်း/အမှုထမ်းများက မီးပုံပျံများလွှတ်တင်ခဲ့ကြပါသည်။
(သတင်းစဉ်)
