မုံရွာမြို့ ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်သည့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ဆိုင်ရာကိစ္စရပ်များ ၊ မဲစာရင်းမှန်ကန်စေရေး ကိစ္စရပ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅) အခမ်းအနားသို့ တက်ရောက်

မုံရွာ၊ ဖေဖော်ဝါရီ ၁၀ ရက်

၁၀-၂-၂၀၂၅ ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန် ၊ မုံရွာမြို့ ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်သည့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ဆိုင်ရာကိစ္စရပ်များ ၊ မဲစာရင်းမှန်ကန်စေရေး ကိစ္စရပ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၅) အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)