မူဆယ်၊ ဖေဖော်ဝါရီ ၇ရက်

၇-၂-၂၀၂၅ ရက်နေ့ နေ့လည် ၁၂း၀၀ အချိန်တွင် မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ရာဇသတ်ကြီးပါသိထားသင့်သည့်ပြဌာန်းချက်များ၊ လူကုန်ကူးမှုူ တားဆီးနှိမ်နင်းရေးဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ၊ ပဋိညာဉ်အက်ဥပဒေ၊ သက်သေခံ အက်ဥပဒေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေနှင့် ဥပဒေရေးရာဝန်ကြီး ဌာန၏ လုပ်ငန်းတာဝန်များအကြောင်းတို့ကို မူဆယ်ခရိုင်ဥပဒေရုံး၊ ခရိုင်ဥပဒေအရာရှိ ဦးဆန်းထွဋ်မှ တက်ရောက်ဟောပြောခဲ့ပါသည်။
(သတင်းစဉ်)
