တောင်ကြီး၊ ဇွန်လ ၂၁ ရက်

၂၁-၆-၂၀၂၄ ရက်နေ့ နေ့လည်(၀၁:၀၀)အချိန်တွင် တောင်ကြီးမြို့၊ အမှတ်(၉) အခြေခံ ပညာအထက်တန်းကျောင်းတွင်ကျင်းပပြုလုပ်သည့် (၂၇)ကြိမ်မြောက် မူယစ်ဆေးဝါးအလွဲ သုံးမှုနှင့် တရားမဝင်ရောင်းဝယ်ရေးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲသို့ တောင်ကြီးခရိုင်ဥပဒေအရာရှိ ဒေါ်နန္ဒာနှင်းမှ တက်ရောက်ဟောပြောခဲ့ ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
