မြစ်ကြီးနား၊ နိုဝင်ဘာ ၁၁ ရက်

၁၁.၁၁.၂၀၂၅ ရက်နေ့ ၁၃၀၀ နာရီအချိန် မြစ်ကြီးနားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မနောရွှေပြည်ခန်းမတွင် ဒုတိယအကြိမ် မဲစာရင်းများမှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေးနေမှုအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခြင်း ကို ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေးမှ သွားရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
(သတင်းစဉ်)
